Place Image

Underwater World (PATTAYA)

Tickets

Per adult฿355

Per adult฿275

ခရီးစဉ်အမျိုးအစားTickets

ခရီးစဉ်အသေးစိတ်

ပတ္တရားကရေအောက်ကမ္ဘာငယ်လေး

ပင်လယ်ရေအောက်ကမ္ဘာထဲမှာ ငါးမန်းတွေနဲ့အတူ လမ်းလျှောက်ကြည့်လိုက်ပါ 🦈🌊

​ပတ္တယားမြို့ရဲ့ အကြီးဆုံး ရေအောက်ပြတိုက်ဖြစ်တဲ့ Underwater World မှာ

ရေအောက်ဥမင်လိုဏ်ခေါင်းထဲ လမ်းလျှောက်ရင်း ပင်လယ်သတ္တဝါပေါင်းစုံကို အနီးကပ်ကြည့်ရှုလိုက်ပါ။

မီတာ ၁၀၀ ကျော်ရှည်လျားတဲ့ မှန်ဥမင်ထဲမှာ ငါးမန်းတွေ၊ ငါးလိပ်စွန်ကြီးတွေနဲ့ ရှားပါးပင်လယ်ငါးပေါင်းစုံကို

သင့်ခေါင်းပေါ်ကတင် မြင်တွေ့ရမှာ ဖြစ်ပါတယ်။🦈🌊

​ပင်လယ်ရေအောက်ထဲ ရောက်သွားသလို ခံစားချက်မျိုးပေးနိုင်တဲ့အပြင်

ဓာတ်ပုံရိုက်ဖို့အတွက်လည်း အလွန်လှပတဲ့ နေရာတစ်ခုပါပဲ။

လက်မှတ်များကို မင်မင်တို့ဆီမှာ ကြိုတင်ဝယ်ယူထားခြင်းဖြင့် ကောင်တာမှာ တန်းစီရတဲ့ဒုက္ခကနေ ကင်းဝေးစေမှာ ဖြစ်ပါတယ်။📸✨️

လူကြီး - ၃၅၅ ဘတ်

ကလေး - ၂၇၅ ဘတ် (အရပ် ၉၀ စင်တိမီတာ မှ ၁၃၀ စင်တီမိတာအတွင်း)

ဖွင့်ချိန်: မနက် ၉နာရီမှ ညနေ ၆နာရီ အထိ

ကျေးဇူးပြုပြီး ၃နာရီ ကြိုတင် ဘိုကင်လုပ်ပေးပါရှင်။