Place Image

Ayutthaya Weekly round trip on Wednesday

Joint Tour

Per adult฿1,700

Per adult฿1,600

ခရီးစဉ်အမျိုးအစားJoint Tour

ခရီးစဉ်အသေးစိတ်

အပတ်စဉ်ဗုဒ္ဓဟူးနေ့ အယုဒ္ဓယနေ့ချင်းပြန်ခရီးစဉ်

ခရီးစဉ်တွေက လူပြည့်မှ ထွက်တာမို့ ဖုန်းဆက်ပေးပါရှင့်

ဘန်ကောက်မြို့က မြဘုရားနဲ့အတူ ရှေးဟောင်းယဉ်ကျေးမှု နယ်မြေဖြစ်တဲ့

Ayutthaya မြို့ဟောင်းကိုပါ တစ်နေ့ထဲနဲ့အပြီး သွားရောက်လည်ပတ်လို့ရမယ့်

အပတ်စဉ်ဗုဒ္ဓဟူးနေ့တိုင်းထွက်တဲ့Ayutthaya ခရီးစဉ်ကိုလိုက်ပါချင်တယ်ဆိုရင်တော့

နာမည်စာရင်းပေးထားလို့ရပါတယ်ရှင့် ...

Ayutthaya မြို့ဆိုတာ မြန်မာနိုင်ငံသူ/သားတွေနဲ့ ရင်းနှီးပြီးသားဖြစ်သလို

သမိုင်းကြောင်းအရလည်း ဆက်စပ်မှုရှိတဲ့မြို့တစ်မြို့ပါ UNESCO စာရင်းဝင်

ကမ္ဘာ့အမွေအနှစ်မြို့လည်းဖြစ်ပါတယ် ...

ဒီခရီးစဉ်မှာ သွားရောက်လည်ပတ်မယ့် နေရာလေးတွေကတော့ …

မြဘုရားနှင့် ဘုရင့်နန်းတော်

ထိုင်းနိုင်ငံရဲ့ ပြယုဒ်ဖြစ်သော ဆုတောင်းပြည့် မြဘုရားကိုဘုရင့်နန်းတော်ထဲမှာ ဖူးကြရမှာဖြစ်ပြီး

ထိုင်းနိုင်ငံဘုရင် အဆက်ဆက်ရဲ့ ထီးမွေနန်းမွေများကိုလည်းလေ့လာရမယ့်နေရာလေးဖြစ်ပါတယ်နော် ...

Wat Mahathat

Wat Mahathat ဆိုတဲ့ဒီဘုရားကျောင်းဟာ ထိုင်းနိုင်ငံ အယုဒ္ဓယရဲ့ တော်ဝင်ဘုရားကျောင်းတစ်ခု ဖြစ်ပါတယ် 

အယုဒ္ဓယသမိုင်းမှာ ရှေးအကျဆုံးနဲ့ အထင်ရှားဆုံးဘုရားကျောင်းများထဲမှတစ်ခုဖြစ်ပြီး အယုဒ္ဓယခေတ်ရဲ့ အရေးပါတဲ့

အခမ်းအနားပွဲလမ်းသဘင်တွေကို ဒီနေရာမှာကျင်းပခဲ့ကြပါတယ် .......

ကမ္ဘာလှည့်နိုင်ငံခြားသားခရီးသွားများ အများဆုံး စိတ်ဝင်စားတဲ့အပြင် သမိုင်းဝင်နေရာတစ်ခုဖြစ်သလို အထင်ကရနဲ့

နာမည်အကြီးဆုံးဖြစ်တဲ့ သစ်ပင်အမြစ်များတွင် ရစ်ပတ်နှောင်ထားတဲ့ ဗုဒ္ဓရဲ့ဦးခေါင်းတော်ဟာ အလွန်ကို အံသြဖွယ်

ကောင်းလှပါတယ် အယုဒ္ဓယကိုသွားရင် လည်ပတ်ဖို့သင့်တဲ့နေရာလေးဖြစ်ပါတယ်

Wat Yai Chai Mongkhon

ရွှေရောင်အဝတ်စတော်နဲ့ ပတ်ရစ်ထားတဲ့ ကြီးမားလှတဲ့ လျောင်းတော်မူဘုရားရှိတဲ့ ဘုန်းကြီးကျောင်းတည်ရှိသော

နေရာဖြစ်ပါတယ် ဗုဒ္ဓရုပ်ပွါးတော်များစွာကိုရှိခိုးကန်တော့နိုင်ပြီးကြီးမားသပ္ပါယ်လှတဲ့‌ ရှေး‌ဟောင်းမြို့တော်ကြီးရဲ့

တော်ဝင်သမိုင်းကြောင်းများကိုလဲ လေ့လာနိုင်မယ့်ဘုန်းတော်ကြီးကျောင်းဖြစ်ပါတယ်နော် ...

Wat Chaiwatthanaram

Chao Phraya River မြစ်ရဲ့ တစ်ဖက်ခြမ်းမှာ တည်ရှိနေပြီး Ayutthaya ရဲ့ သမိုင်းအကြောင်းအရာများစွာတည်ရှိနေတဲ့ 

Compound တစ်ခုဖြစ်ပါတယ် Wat Chaiwattanaram ကို ရောက်ရင် ခဏတာထိုင်းနိုင်ငံသူထိုင်းနိုင်ငံသားလုပ်လို့ရနိုင်တယ်

ထိုင်းရိုးရာအဝတ်အစားတွေကို ဝတ်ပြီး ဓာတ်ပုံလှလှလေးတွေ ရိုက်လို့ရမှာဖြစ်ပါတယ်နော် ...

Wat Phanan Choeng

ကြီးမားပြီး 57 ပေမျှ ရှည်လျှားသော ထိုင်တော်မူ ဗုဒ္ဓ ရုပ်ပွါးတော်ကြီးကို ရှိခိုးဦးချနိုင်အောင် တည်ထားတဲ့ ဘုန်းတော်ကြီး

ကျောင်းဖြစ်ပါတယ် အရှေ့ဘက်မှာ ကျောက်ဖရားမြစ်ကို မြင်တွေ့နိုင်ပြီးတော့ အရှေ့မြောက်ဘက်မှာရှိတဲ့ ပါဆစ်မြစ်ကြီးကိုလဲတွေ့

မြင်နိုင်မှာဖြစ်ပါတယ် ..........

ဖော်ပြပါနေရာတွေအတွက် ဘုရားဝင်ကြေး လက်မှတ်များ 

အပါအကုန်လုံးအပြီးအစီးကိုမှ ...

Adult - 1700 ฿

Child - 1600 ฿ ပဲ ကျသင့်မှာဘဲ ဖြစ်ပါတယ်ရှင့် ...

စိတ်ဝင်စားလို့ လိုက်ပါမဲ့သူများအနေနဲ့ ခုပဲ စာရင်းပေးလို့ရပါပြီရှင့်

စထွက်မည့် အချိန် : မနက် 7.00 - 7.30 am

ပြန်ရောက်မည့် အချိန် : ည 8.00 pm