Place Image

Weekly Friday Hua Hin Day Trip

Joint Tour

Per adult฿1,700

Per adult฿1,600

ခရီးစဉ်အမျိုးအစားJoint Tour

ခရီးစဉ်အသေးစိတ်

ဟွာဟင် အပတ်စဉ်သောကြာနေ့ နေ့ချင်းပြန်ခရီးစဉ်

ခရီးစဉ်တွေက လူပြည့်မှ ထွက်တာမို့ ဖုန်းဆက်ပေးပါရှင့်

ထိုင်းနိုင်ငံကိုလာမယ့်သူတွေရော ထိုင်းနိုင်ငံအတွင်းနေထိုင်ကြတဲ့သူတွေရော

ခရီးသွားလည်ပတ်ကြမယ်ဆိုရင် စရိတ်သက်သက်သာသာနဲ့ အချိန်အများကြီးမပေးရဘဲ

နေရာစုံရောက်အောင် စီစဥ်ထားပေးတဲ့ နေ့ချင်းပြန် စရိတ်ငြိမ်းခရီးစဥ်လေးတွေက အသင့်တော်ဆုံးပါပဲရှင် 

မဥမ္မာဆီမှာ ဘန်ကောက်ကနေနေ့ချင်းပြန်ထွက်တဲ့ ခရီးစဥ်တွေထဲကမှနာမည်ကြီး မဲ့ကလောင်ရထားစျေး ၊

နှစ်တစ်ရာ ရေပေါ်စျေး ၊ အီတလီစတိုင် The Venezia ၊ Hua Hinကမ်းခြေစတဲ့ နေရာအစုံ၁ရက်တည်းအပြီး

လည်လို့ရမယ့် Hua Hin Day Tripလေး မေလ2ရက်နေ့ရှိပါတယ် 

 စိတ်လှုပ်ရှား ပျော်ရွှင်စရာ အတွေ့အကြုံတွေပေးမယ့် မဲ့ကလောင်ရထားစျေး ( Maeklong Train Market)

ရထားလာတဲ့အချိန်မှ အပြေးအလွှားသိမ်းကြတဲ့စျေးဖြစ်ပြီး ရထားဖြတ်မောင်းတုန်း အသည်းတယားယား

ကပ်ရပ်နေကြတဲ့ စျေးဆိုင်တန်းတလျှောက် ကမ္ဘာအရပ်ရပ်က လာကြည့်ကြတဲ့ ခရီးသွားတွေအများကြီးမို့

စိတ်လှုပ်ရှား ပျော်ရွှင်စရာ အတွေ့အကြုံရစေမှာ အသေအချာပါ 

 သက်တမ်းနှစ်တစ်ရာရှိပြီး ရေပေါ်စျေးအနှစ်သာရအပြည့်အဝခံစားရမယ့် Damneon Saduak Floating Market

 ရေပေါ်စျေးတွေအများကြီးထဲက သက်တမ်းအကြာဆုံးမို့ ဘာတွေထူးခြားမလဲဆိုတာ

သွားရောက်လေ့လာလို့ရအောင် လိုက်ပို့မှာပဲဖြစ်ပါတယ်

 The Venezia Hua Hin

ဒီနေရာလေးကတော့ ဟွာဟင်မှာရှိတဲ့ အီတလီမြို့ပုံစံ အမိုက်စားစျေးဝယ်ထွက်စရာနေရာလေးတစ်ခုပါ ...

စျေးဝယ်စင်တာတစ်ခုထပ်ပိုပြီးရမယ့် activities 

တွေက ဆွဲဆောင်မှုအပြည့်နဲ့ စောင့်ကြိုနေပါသေးတယ်နော်

 Music Note တွေနဲ့ ပုံဖော်ထားတဲ့ Welcome Venezia Mask 

မျက်စိပသာဒဖြစ်စေမယ့် pastal color အဆောက်အဦးတွေက ဘယ်နားရိုက်ရိုက် ပုံလှလှလေးတွေ ထွက်ဖို့ အာမခံပါတယ်ရှင့်  

အလှဆုံးကမ်းခြေတွေထဲကတခုဖြစ်တဲ့ Hua Hinကမ်းခြေ

ဟွာဟင်ကမ်းခြေဆိုတာ အေးချမ်းလှပလွန်းလို့ ထိုင်းနိုင်ငံဘုရင်အသိုင်းအဝန်းတွေ

လာရောက်အပန်းဖြေ အနားယူရာကမ်းခြေတခုဖြစ်ပါတယ် ...  

သိုးကလေးများနဲ့တူတူဓာတ်ပုံရိုက်မယ် အစာကျွေးမယ် သိုးကလေးတွေအပြင်

တခြားချစ်စရာကောင်းတဲ့ ယုန်ကလေး၊လိပ်ကလေး၊မြည်းကလေးတွေကိုလဲ

အစာကျွေးပြီးဓာတ်ဖမ်းလို့ရမယ့် သိုးခြံကိုလည်းလိုက်ပို့ပေးသွားဦးမှာပါရှင်

အရမ်းတန်အောင် အပြည့်ထည့် ထားပေးလို့ မဥမ္မာ ခရီးစဉ်က သူများနဲ့မတူအောင်ထူးဆန်နေမှာ အမှန်ပါပဲနော်

ဖော်ပြပါနေရာတွေအားလုံးကို ပို့ပေးအုံးမှာဆိုတော့ တစ်ရက်အချိန်ပေးရုံနဲ့ တန်တန်တန်ခရီးစဉ်လေးကို တစ်ယောက်

Adult - 1700ဘတ်

Child - 1600ဘတ်နဲ့ လည်လို့ရမှာဖြစ်ပါတယ်နော်

ခရီးစဉ်အစအဆုံးအတွက် ပါဝင်သောဝန်ဆောင်မှုများကတော့ ...

ခရီးစဉ်တစ်လျှောက် Air-Con အေးအေးလေးနဲ့ ကားကောင်းကောင်းလေး

ပျော်ရွှင်စရာခရီးစဉ်လေး ဖန်တီးပေးမယ့် မြန်မာစကားပြန်

ရေပေါ်စျေးအတွက် Boat Fee

မနက်စာ အဆာပြေ မုန့်တစ်ထုပ်နှင့် ရေတစ်ဗူး 

နေ့လည်စာတစ်နပ် အပြင်

(လူမျိုး ဘာသာမရွေး စားသောက်နိုင်အောင် ပြင်ဆင်ပေးထားပေးပါတယ်)စျေးနှုန်းပြောင်းပါတယ်နော် 

အထက်ဖော်ပြပါ ဝင်ကြေးများ

 စထွက်မည့် အချိန် - မနက် 7: 00 နာရီမှ 7:30 အတွင်း

 ပြန်ရောက်မည့် အချိန် - ည 8:00 နာရီဝန်းကျင်

စုရပ်ကတော့ Phenix Pratunam ကုန်တိုက်ရှေ့ပဲဖြစ်ပါတယ်ရှင့်

Join Tour အနေနဲ့ မဟုတ်ဘူး Private Tour အနေနဲ့သွားချင်တဲ့သူများကိုလည်း Package အလိုက် အကုန်

အပြီးအစီး စီစဉ်ပေးပါသေးတယ်နော် ...