Tickets
ဘန်ကောက်မြို့ရဲ့ အကျော်ကြားဆုံး Safari World မှာ ချစ်စရာသတ္တဝါလေးတွေနဲ့ အနီးကပ် ထိတွေ့နိုင်ပါတယ်။ သဘာဝအတိုင်း လွှတ်ထားတဲ့ တောရိုင်းတိရစ္ဆာန်တွေကို ကားစီးရင်း ကြည့်ရှုရမယ့်အပြင် ဉာဏ်ကောင်းလွန်းတဲ့ လင်းပိုင်လေးတွေရဲ့ ဖျော်ဖြေပွဲနဲ့ အခြားသောရှိုးများကလည်း စောင့်ကြိုနေပါတယ်။🦭🐬
ကလေးတွေအတွက် ဗဟုသုတလည်းရ၊ ပျော်စရာလည်းကောင်းတဲ့ ဒီခရီးစဉ်ဟာ မိသားစုတိုင်းအတွက် အကောင်းဆုံး ရွေးချယ်မှုဖြစ်ပါတယ်။ လက်မှတ်တွေကို ကြိုတင်ဝယ်ယူထားခြင်းဖြင့် ကောင်တာမှာ လူတိုးရတဲ့ ဒုက္ခကနေ ကင်းဝေးစေမှာပါ။🎟
လက်မှတ်ဈေးနှုန်း
Package B. Marine Park +Buffet Lunch - 875THB
(ကလေးလူကြီးစျေးတူတူပါပဲရှင်)
အရပ်၁၀၀ စင်တီမီတာအောက် အခမဲ့
Safari Worldက အပတ်စဉ် တနင်္လာနေ့တိုင်း ပိတ်ပါတယ်ရှင့်![]()
ဖွင့်ချိန်: မနက်၉နာရီမှ ညနေ၅နာရီ အထိ
နေ့လည်စာစားချိန်: မနက်၁၁နာရီ မှ နေ့လည်၂နာရီ အထိ
ကျေးဇူးပြုပြီး တစ်ရက်(၂၄နာရီ) ကြိုတင် ဘိုကင်လုပ်ပေးပါ။