Place Image

အပတ်စဉ်တနင်္ဂနွေနေ့တိုင်းထွက်တဲ့ကန်ချဘူရီအပတ်စဉ်နေ့ချင်းပြန် ခရီးစဉ်

Joint Tour

Adult฿1,700

Child฿1,600

Tour typeJoint Tour

Tour Detail

ကန်ချနာဘူရီအပတ်စဉ်နေ့ချင်းပြန်ခရီးစဉ် 

အပတ်စဉ်တနင်္ဂနွေနေ့တိုင်းထွက်တဲ့ “ကန်ကျနဘူရီ ဝါးဖောင်စီးခရီးစဉ်ကိုJoinချင်တယ်ဆိုရင်တော့ စာရင်းလာပေးထားလို့ရပါပြီနော်

ကွေးမြစ်ပေါ်မှာ ဝါးဖောင်လည်းစီးချင်တယ် ညလည်းမအိပ်ချင်ဘူးဆိုရင်တော့ ဒုတိယMaldivesလို့ တင်စားခေါ်ဝေါ်ကြတဲ့ ဒီခရီးစဉ်က

အသင့်တော်ဆုံးပါရှင် 

 မဥမ္မာပို့ဆောင်ပေးမယ့် နေရာတွေကတော့ …

 🛕Tiger Cave Temple / Wat Tham Sua🛕

ဒေသအလိုက် Wat Tham Suea ဟု လူသိများသော Tiger Cave Temple /Wat Tham Suaဟာ ကန်ချနာဘူရီရှိ ထင်ရှားသောဘုရား

ကျောင်းများထဲမှ တစ်ခုဖြစ်ပါတယ်ရှင် ကြီးကျယ်ခမ်းနားသော ဘုရားကျောင်း၏တောင်ထိပ်မှ အံ့မခန်းမြင်ကွင်းများကိုကြည့်ရှုခံစားနိုင်မှာ

ဖြစ်ပါတယ်...

 🛤️Bridge Over the River Kwai🛤️

ဒီတံတားကိုဂျပန်စစ်တပ်အတွက် ထောက်ပံ့ရေးလမ်းကြောင်းအဖြစ် ပြေးဆွဲပေးသည့်ကန်ချနာဘူရီမှမြန်မာနိုင်ငံသို့ ဆက်သွယ်ထားသည့် ၄၁၅ကီလို

မီတာရှည်လျားသော မြန်မာ့မီးရထား၏ တစ်စိတ်တစ်ပိုင်းဖြစ်သောကြောင့် သွားရောက်လည်ပတ်လေ့လာစရာနေရာလေးလည်းဖြစ် ပါတယ်ရှင့် ... 

ယနေ့ တည်ရှိနေသော တံတားသည်စစ်ပွဲအတွင်းအကြိမ်ကြိမ်ဗုံးကြဲခံခဲ့ရသော မူလတံတားကို ပြန်လည်တည်ဆောက်ထားခြင်းဖြစ်ပါတယ်ရှင့် ...

Kwai မြစ်ကူးတံတားသည် မြို့လယ်ခေါင်၏ လမ်းလျှောက်အကွာအဝေးတွင် တည်ရှိပြီး နေ့စဉ်နေ့တိုင်းဖွင့်လှစ်ထားပါတယ်ရှင့် ...

တံတားကိုခြေလျင်လျှောက်နိုင်ပြီး ရထားကဖြတ်လာတာကိုတော့ သတိထားဖို့လိုပါမယ်နော် ...

 🛟Ananta River Hills Resort🛟

ကွေယိုင်မြစ်ကိုအပေါ်စီးမှမြင်ရတဲ့ဒီအပန်းဖြေစခန်း လေးကတော့ Srinagarind Dam မှ 17 ကီလိုမီတာအကွာတွင်ရှိပါတယ် ရေပေါ်အိမ်ကြီးတွေ

ကနေရိုးရိုးအခန်းများအထိ တည်းခိုစရာရှိပြီး အားလုံးတွင် Facilities အပြည့်အစုံပါဝင်ပါတယ်နော် ...

ဒါ့အပြင် ကယပ်လှေများ၊ ဖောင်စီးခြင်း၊ဆလိုက်များနှင့်trampoline များပါရှိသော floating obstacle course များ၊

စားသောက်ဆိုင်၊ Jet Ski လည်းငှားလို့ရသေးတာမို့ သွားရင်တကယ်နောင်တမရမယ့် နေရာလေးပါနော် ...

 🌁Skywalk in Kanchanaburi🌁

Kanchanaburi Skywalk သည် Khae Yai မြစ်နှင့် Phachi မြစ်ဆုံတွင်တည်ရှိပြီး အတော်လေး ဆွဲဆောင်မှု အသစ်တစ်ခုဖြစ်ပါတယ်ရှင့်  

Kanchanaburiမြို့၏အံ့မခန်း ငှက်မျက်လုံးမြင်

ကွင်းဟာ နေဝင်ချိန် ရင်သပ်ရှုမောဖွယ် နေရာ‌လေး ဖြစ်တာ ကြောင့် သွားဖြစ်အောင်သွားရမယ့်နေရာလေးလည်း ဖြစ်ပါတယ်နော် ....

 တစ်ဦးချင်းစျေးနှုန်းလေးတွေကတော့ ... 

 🎫 လူကြီး တစ်ဦး - 1700 ฿

 🎫3 နှစ် မှ 10 နှစ်အထိကလေး - 1600 ฿ဖြစ်ပါတယ်ရှင်

ပါဝင်တဲ့ဝန်ဆောင်မှုများကတော့ .... 

🚩ခရီးစဉ်တစ်လျှောက် Air-Con အေးအေးလေးနဲ့ ကားကောင်းကောင်းလေး 🚗

🚩ပျော်ရွှင်စရာခရီးစဉ်လေး ဖန်တီးပေးမယ့် မြန်မာစကားပြန် 🙋🏻‍♀️🙋🏻

🚩နေ့လည်စာတစ်နပ် အပြင်🍚🍱🥘(ဒေသာစားသောက်ဆိုင်)

🚩အထက်ဖော်ပြပါ ဝင်ကြေးများ 🎫

📍စုရပ်ကတော့ Phenix Pratunam ကုန်တိုက်ရှေ့ဘဲဖြစ်ပါတယ်ရှင့် 📍

 ခရီးစဉ် စထွက်မည့်အချိန် - 

⏰မနက် 7:00-7:30 နာရီခွဲထိ လူစု⏰

 ခရီးစဉ်ပြန်ရောက်မည့်အချိန် - 

⏰ညနေ 9:30 - 10:00 နာရီ ပတ်ဝန်းကျင်⏰