Joint Tour
ခရီးစဉ်တွေက လူပြည့်မှ ထွက်တာမို့ ဖုန်းဆက်ပေးပါရှင့်
ဒိုင်နိုဆောအကြီးတွေနဲ့ သစ်ပင်မျိုးစိတ်များစွာကိုလေ့လာလို့မယ့် ပတ္တရား Nong Noochကတော့ အပတ်စဉ်အင်္ဂါနေ့ထွက်ပါတယ်ရှင်
ခရီးစဉ်ရဲ့သွားရောက်လည်ပတ်မယ့်နေရာတွေကတော့....
Nong Nooch Tropical Garden
ထိုင်းနိုင်ငံမှာရှိတဲ့အလှဆုံးပန်းခြံတွေထဲကတစ်ခုဖြစ်ပြီး ဘွန်ဆိုင်းပင်မျိုးစုံနဲ့ အခြားသောသစ်ပင် ပန်းပင်တို့ကိုတွေ့မြင်နိုင်မယ့် Nong Nooch
ဥယျာဉ်ကိုလိုက်ပို့ပေးသွားမှာဖြစ်ပါတယ် အပင်တွေချစ်မြတ်နိုးသူတွေအတွက် တော်တော်လေးသဘောကျမယ့်နေရာလေးပါ
သားသားမီးမီးတွေအကြိုက် ဒိုင်နိုဆောရုပ်တုအကြီးကြီးတွေဆင်ရုပ်တုအကြီးကြီးတွေလဲရှိသေးတာကြောင့် ကလေးတွေရော လူကြီးတွေပါသွား
ရောက်လည်ပတ်ကြတဲ့နေရာလေးပါ
Wat Khao Chi Chan(လေဆာဘုရား)
ထိုင်းနိုင်ငံ9ဆက်မြောက်ဘုရင်ရဲ့ သက်တော်50ပြည့်နှစ်တွက် လေဆာနဲ့ပစ်ခွင်းပြီး ပုံဖော်ထားတဲ့ရှေးဟောင်းရုပ်ပွားတော်ကြီးရှိရာကိုလည်းလိုက်ပို့ပေး
မှာပါနော်
Jomtien Beach Pattaya
Pattayaကမ်းခြေလိုလူများတာကို မနှစ်သက်တဲ့သူတွေအတွက်တော့ Jomtien Beachဟာ သွားလည်ဖို့အသင့်တော်ဆုံးပါ ရေသံလှိုင်းသံလေးတွေနဲ့
လူသူနည်းပါးတာမို့ ကမ်းခြေမှာအေးဆေးအပန်းဖြေချင်တဲ့ Introvert လေးတွေအတွက်တော်တော်ကိုအဆင်ပြေပါတယ်
Pattaya View Point
Pattayaတစ်မြို့လုံးကို အပေါ်စီးကနေတွေ့မြင်ရမယ့်နေရာဖြစ်ပြီး ရှုခင်းကတကယ်ကိုလှပကာ ပန်းချီကားတစ်ချပ်လို ကြည့်ပြီးရင်းကြည့်ချင်နေမယ့်နေ
ရာလေးဖြစ်ပါတယ်
Big Buddha Pattaya
Pattayaမြို့ရဲ့တောင်ပိုင်းဒေသမှာရှိတဲ့တောင်ကုန်းပေါ်မှာ တည်ထားကိုးကွယ်ထားတဲ့ 18ပေအမြင့်ရှိထိုင်တော်မူဗုဒ္ဓရုပ်ပွားတော်ကြီးဖြစ်ပါတယ် တောင်ကုန်း
ပေါ်ကနေ လတ်ဆတ်တဲ့ပင်လယ်လေကောင်းလေသန့်ကို ဝတကြီးရှုရှိုက်ရင်း ပတ္တရားမြို့ရဲ့အလှကိုလည်းကြည့်ရှုနိုင်မယ့်နေရာလေးပါနော်
ဒီနေရာတွေအားလုံးကို၁ရက်တည်းနဲ့လည်ပတ်လို့ရမှာဖြစ်ပြီး ဈေးနှုန်းကတော့ -
လူကြီး - 1600ဘတ်
ကလေး - 1500ဘတ် (3နှစ်မှ9နှစ်အတွင်း)ကျသင့်မှာဖြစ်ပါတယ်
ပါဝင်တဲ့ဝန်ဆောင်မှုများကတော့ ....
ခရီးစဉ်တစ်လျှောက် Air-Con အေးအေးလေးနဲ့ ကားကောင်းကောင်းလေး 🚗
ပျော်ရွှင်စရာခရီးစဉ်လေး ဖန်တီးပေးမယ့် မြန်မာစကားပြန်
နေ့လည်စာတစ်နပ် အပြင်
အထက်ဖော်ပြပါ ဝင်ကြေးများ